Local News

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်မှ EC Plaza Network Inc. ကိုယ်စားလှယ်အဖွဲ့အား Virtual Meeting ဖြင့် လက်ခံတွေ့ဆုံ

Last Updated:

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါသည် ၂၀၂၂ ခုနှစ် ဇူလိုင်လ (၂၈) ရက်နေ့တွင် မြန်မာနိုင်ငံသို့ရောက်ရှိလျက်ရှိသော ကိုရီးယားသမ္မနိုင်ငံ EC Plaza Network Inc. မှ ဒုတိယဥက္ကဌဖြစ်သူ Mr. Park, Noh Cheol ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်-ရန်ကုန် Virtual Meeting ဖြင့် လက်ခံတွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် EC Plaza Network Inc. နှင့် မြန်မာနိုင်ငံမှ Cyber King Co.Ltd. တို့အကြား IT ကဏ္ဍ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတို့၌ အတူပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များ၊ မြန်မာနိုင်ငံတွင် ကမ္ဘာ့အဆင့်မှီ IT ပညာလေ့ကျင့်သင်ကြားရေး သင်တန်းကျောင်းတစ်ခုဖွင့်လှစ်ပြီး၊ မြန်မာ IT ပညာရှင်များမွေးထုတ်ပေးရန်နှင့် ကိုရီးယားသမ္မတနိုင်ငံတွင်သာမက အခြားကမ္ဘာ့နိုင်ငံများရှိ IT ဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများကို ရရှိစေရန်၊ နှစ်နိုင်ငံအကြား အသိပညာ၊ ယဉ်ကျေးမှုနှင့် ဘာသာစကားများကို ဖလှယ်နိုင်မည့် မြန်မာ-ကိုရီးယား ဗဟိုဌာနတစ်ခုကိုလည်း တည်ထောင်ဖွင့်လှစ်သွားနိုင်ရေးနှင့် ဈေးကွက်သုတေသနဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့သည် EC Plaza Network Inc. ၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာ့ထုတ်ကုန်ပစ္စည်းများအား အပြည်ပြည်ဆိုင်ရာ ဈေးကွက်ချိတ်ဆက်နိုင်ရန် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်နေ့မှစတင်၍ www.ecplaza.netVirtual မြန်မာပြခန်းဆောင်ကို စတင်ဖွင့်လှစ်ထားခဲ့ပြီး၊ အဆိုပါ ပြခန်းဆောင်၌ မြန်မာထုတ်ကုန်ပစ္စည်း (၁၄၄) မျိုး၏ သတင်းအချက်အလက်များကို လတ်တလောလွှင့်တင်ပြသထားရှိကြောင်း သိရပါသည်။

Category: Local News